Back

Leadership Gold

Normal price :

Crisis relief  price :

120,000 Ks

 39,000 Ks

အားလုံးမင်္ဂလာပါ။

LTO Leadership Program မှ ကြိုဆိုပါတယ်ခင်ဗျာ။

ဒီ Program ထဲက သင်ခန်းစာတွေဟာ John Maxwell ရဲ့ Leaders Gold စာအုပ်ကို အဓိက အခြေခံပြီး ပြင်ဆင်ပို့ချထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို The Leadership Handbook နာမည်နဲ့လည်း ထုတ်ဝေထားပါတယ်။ ခေါင်းဆောင်မှုနဲ့ ပတ်သက်ရင် အတော်လေးကို ပြည့်စုံတဲ့ စာအုပ်တစ်အုပ်လို့ ကျွန်တော်ယူဆတဲ့အတွက် ကျွန်တော့်ရဲ့ ခေါင်းဆောင်မှု သင်ခန်းစာတွေအတွက် ဒီစာအုပ်ကိုပဲ အခြေခံပြီး သင်ကြားပို့ချပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီသင်ရိုးထဲမှာ အခန်းငယ်ပေါင်း ၂၆ခု ပါဝင်မှာ ဖြစ်ပါတယ်။

John C. Maxwell ရဲ့ Certified Team Member တစ်ယောက်အနေရဲ့ ကျွန်တော် တရားဝင် သင်ကြား အသုံးပြုခွင့်ရထားတဲ့ John Maxwell ရဲ့ စာအုပ် ၆ အုပ်ထဲက တစ်အုပ်ဖြစ်ပါတယ်။

ခေါင်းဆောင်မှုအကြောင်းကို ဘယ်သူတွေ လေ့လာသင့်သလဲ။

ခေါင်းဆောင်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ဦးစီးဦးဆောင်လုပ်ရာကနေ စရတာဖြစ်တဲ့အတွက် လူတိုင်းအတွက် တစ်နည်းမဟုတ် လိုအပ်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်ဖို့ဆိုရင် အခြေခံအားဖြင့်တော စည်းကမ်းသေဝပ်ပြီး ကိုယ့်စိတ်ကို နိုင်မှာဖြစ်ပါတယ်။ Self-Control, Self-Discipline တွေကို ကျစ်ကျစ်လစ်လစ် လုပ်ဆောင်နိုင်ရမှာ ဖြစ်ပါတယ်။

ဒီလိုကိုယ့်စိတ်ကို နိုင်မှသာ ကိုယ့်မိသားစုကအစ တခြားသူတွေကို ဦးစီးဦးဆောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ လူသူလေးစားတဲ့ သူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ဆို  မိမိရဲ့ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု (Personal Development) အတွက် စဉ်ဆက်မပြတ်လေ့လာနေကြရမှာ ဖြစ်ပါတယ်။ Personal Development ဆိုတာ ခေါင်ဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အခြေခံအုတ်မြင့်တစ်ခုပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေရဲ့ အဓိကအလုပ်တွေထဲက တစ်ချို့ကို ပြောပြပါဆိုရင်  မိမိကိုယ်ကိုယ်မိမိ စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲအောင်လုပ်ဆောင်ရင် တခြားသူတွေကိုပါ လက်ရှိ အနေအထားထက် ပိုမိုမြင့်မားတဲ့ နေရာရောက်သွားအောင် တွန်းတင် ဖေးမ လမ်းညွန်ပေးတဲ့ အလုပ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ရလဒ် ရအောင်လုပ်နိုင်တဲ့ သူတွေလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ခေါင်းဆောင်လုပ်မယ့်သူတွေက ကိုယ့်ဝမ်းစာ ကိုယ်အရင်ဖြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဝမ်းစာပြည့်မှသာ တခြားသူတွေကို များများစားစား ပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့အရာတွေကိုသာ တခြားသူတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်မှာတောင် မရှိတဲ့အရာကို တခြားသူတွေကို ဘာမှ ပေးလို့ ရမှာ မဟုတ်ပါဘူး။

ဒီ LTO-Leadership Program မှာ ဒီလို နက်နဲတဲ့ ခေါင်းဆောင်မှု အယူအဆတွေနဲ့ ခေါင်းဆောင်မှုရဲ့ လျို့ဝှက်ချက်တွေကို ချပြသွားမှာဖြစ်ပါတယ်။

လေ့လာ သင်ယူသူများ အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ သင်ခန်းစာတွေကို ဆက်လေ့လာကြရအောင်။

အားပေးမှုအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။