Overview
အားလုံး မင်္ဂလာပါ။
ဒီအခန်းမှာတော့ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို သင်ကြားပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လူတွေဟာ ဘယ်ဒေသ၊ ဘယ်နေရာ၊ ဘယ်လိုနောက်ခံ အကြောင်းအခြေ အနေတွေကပဲလာလာ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ပိုပြီးကောင်းလာစေချင် တယ်ဆို ရင်တော့ မိမိကိုယ်ကိုယ်သာ အရင်ထက်ပိုကောင်းလာအောင် စပြီးပြောင်းလဲရမှာ ဖြစ်တယ် ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အဲလို ကိုယ့် အရင်က ကိုယ်မဟုတ်တော့ဘဲ ကိုယ်အသစ် (ပြောင်းလဲလာတဲ့ ကိုယ်အသစ်) ဖြစ်လာအောင် ကြိုးစားအားထုတ်ရခြင်းကို တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှု လုပ်တယ်လို့ ခေါ်တာဖြစ်ပါတယ်။
ဒီခေါင်းစဉ်အောက်မှာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေကို ရရှိနိုင်အောင် အထောက် အကူပြုမယ့်သူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်၊ သမာအာဇီဝကျကျ၊ ကျန်းကျန်း မာမာနှင့် လုပ်ကိုင်စားသောက်နိုင်အောင် ဘယ်လိုနေထိုင်ရမယ်၊ ကိုယ်လုပ်ချင်တဲ့ အလုပ် အတွက် လိုအပ်တဲ့အသိပညာ ဗဟုသုတတွေကို ဘယ်လို ရှာဖွေဆည်းပူးရမယ်၊ ပြဿနာ တစ်ခုရဲ့ အဖြေကို အဆင့်ဆင့် ဘယ်လို ရှာရမယ်ဆိုတာတွေကို သင်ပေးသွား မှာဖြစ်ပါ တယ်။ အလုပ်အကြီးကြီးလုပ်တယ်ဆိုတာ ပြဿနာ အကြီးကြီးတွေ ဖြေရှင်းနိုင်ခြင်းကို ပြောတာ ဖြစ်ပါတယ်။ ပြဿနာ အကြီးကြီးတွေကို ဖြေရှင်းနိုင်တဲ့ လူတစ်ယောက်ဖြစ်လာ အောင် ဘာပြင်ဆင်ထားဖို့လိုမလဲ၊ ကိုယ့်ဝင်ငွေပမာဏနဲ့ ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည် စွမ်း ဆောင်ရည် အဆင့်က ဘယ်လိုဆက်စပ်မှု ရှိသလဲဆိုတာတွေကို ရှင်းပြသင်ကြားပေးမှာ ဖြစ်ပါတယ်။
ဒီဘာသာရပ်ကို ဘယ်သူတွေ လေ့လာသင့်သလဲ။
ကိုယ့်ရဲ့လက်ရှိအခြေအနေ (ပညာရေး၊ ကျန်းမာရေး၊ မိသားစု၊ ဝင်ငွေ၊ အလုပ်အကိုင်၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး)တွေက ဘယ်အဆင့်မှာပဲ ရှိနေရှိနေ၊ လက်ရှိအခြေ အနေထက် ပိုကောင်းလာအောင် လုပ်ချင်တဲ့သူတွေ အားလုံးလေ့လာသင့်တဲ့ ဘာသာ ရပ်တစ်ခုပဲ ဖြစ်ပါတယ်။
Course Features
- Lectures 6
- Quizzes 0
- Duration 54 hours
- Skill level All levels
- Language English
- Students 31
- Assessments Yes