LTO-Myanmar Online Program
အားလုံးမင်္ဂလာပါ။ LTO-Myanmar Online Program မှ ကြိုဆိုပါတယ် ခင်ဗျား။
စဉ်ဆက်မပြတ်လေ့လာသင်ယူလိုသူများအတွက် Internet ကနေတစ်ဆင့် ဘယ်နေရာကနေမဆို အချိန်မရွေး လေ့လာသင်ယူလို့ရအောင် ပြင်ဆင်ထားတဲ့ ကျွန်တော့်ရဲ့ Online program နဲ့ မိတ်ဆက်ပေးလိုပါတယ်။
ဒီသင်တန်းတွေကို အပြင်မှာ လူကိုယ်တိုင်ကော Online မှပါ သင်ကြားဖို့ စစီစဉ်ခဲ့တာပါ။ ဒါပေမယ့် ခုလို ခက်ခဲတဲ့ကာလမှာ လူစုလူဝေးလည်း ပြန်လုပ်လို့မရသေး၊ သွားဖို့လာဖို့ကလည်း သိပ်မလွယ်သေးတဲ့အပြင် မီးကမမှန်နဲ့ Facebook နဲ့ တခြား Social Media တွေကိုလည်း ထင်သလောက် သုံးလို့မရ ဖြစ်နေတဲ့အတွက် ကျွန်တော် ဂနဦး စီစဉ်ထားတဲ့အတိုင်းမလုပ်တော့ဘဲ ဒီလို Online Website မှတဆင့် သင်ကြားပေးဖို့ ဆုံးဖြတ်ပြီး ဒီအစီအစဉ်တွေကို လုပ်ခဲတာဖြစ်ပါတယ်။
ဒီလို website အစီအစဉ်နဲ့ဆိုရင် သင်ခန်းစာတွေကို Internet နဲ့ Phone တစ်လုံး ရှိရုံနဲ့ အချိန်မရွေး လေ့လာ သင်ယူလို့ ရမှာဖြစ်ပါတယ်။ VPNတော့ ဘာတော့ ခံစရာမလိုတော့ပါဘူး။ အခုအဆင်သင့်ဖြစ်နေပါပြီ။ အခြေအနေအရပ်ရပ် ခက်ခဲနေပေမယ့် ကိုယ့် တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုအတွက် စျေးနှုန်းသင့်တင့်စွာနဲ့ အချိန်မရွေး နေရာမရွေး ကိုယ့်အရှိန်နဲ့ကိုယ် အဆင်ပြေပြေ လေ့လာချင်သူများအတွက် ရည်ရွယ်ပြီးလုပ်ပေးထားတာ ဖြစ်ပါတယ်။
ဒီ Online Program အောက်မှာ လေ့လာသင်ယူလို့ရမယ့် ခေါင်းစဉ်ကြီးတွေကတော့
- Personal Development
- Personal Finance
- Goal Setting
- Time Management
- Leadership
- Strategic Business Plan တို့ ဖြစ်ပါတယ်။
သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်ကို Program တစ်ခုချင်းစီရဲ့ မိတ်ဆက်တွေမှာ ဆက်လေ့လာ နိုင်ပါတယ်။
လေ့လာသူများ အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားပေးမှုအတွက် ကျေးဇူးအများကြီ းတင်ပါတယ်ခင်ဗျာ။